ချစ်သူသို့
သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
..
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။
တာရာမင်းဝေ မိုးခေါင်လို့ တီးတဲ့ဗုံသံ
Monday, August 20, 2007
Posted by
neking
at
6:28 PM
2
comments
Friday, August 17, 2007
သက်ဆုံးတိုင်
ချစ်သူဘ၀ဆိုတာ
နားလည်ခြင်းတွေကို
အိမ်ဆောက်ပြီး..
ချစ်ခြင်းတွေကို
အပြည့်သိုလှောင်ထားခဲ့ရတဲ့
ပေးဆပ်မှူဆိုတဲ့
တံတားခင်းပြီး
မာနဆိုတာကိုအလှကြည့်နေခဲ့ရတယ်
မချောအိမာန်(ကောင်းကင်အနမ်း)
Posted by
neking
at
5:20 PM
1 comments
Sunday, August 12, 2007
...ဘ၀...
မျှော်လင့်ခြင်း..ဆိုတဲ့
နတ်ဆိုးဖန်ဆင်းထားတဲ့
အဲဒီမကောင်းတဲ့ခံစားချက်ကြောင့်
ငါမှာ g-talk ပေါ်မတ်တပ်ရပ်ခဲ့ရတာ...
မင်းနဲ့ဆုံချင်လို့ပါ
ငါဆုမတောင်းဘူးပါဘူး
ဘယ်လိုအချိန်မျိုးမှာမင်း online ရှိမလဲ
ခပ်မှိန်မှိန်လေးပါ..ငါ့အတွက်မျှော်လင့်ချက်
ဆုတောင်းတိုင်းလဲမပြည့်ခဲ့ပါဘူး....
ငါဆုံတာကတော့ငါ့ကိုယ်ငါ
ပြီးတော့ အယောင်ဆောင်သာယာမှူတွေ
ငါမသိတဲ့ကောက်ကျစ်မှူုတွေနဲ့
သားရဲတွေလဲပါရဲ့...
ပြီးတော့ငါရတာက၀မ်းနည်းမှူနဲ့
စိတ်ဆင်းရဲရမှူတပုံတပင်ပါဟာ...
ငါသာယာနေတယ် ငါကျေနပ်နေတယ်လို့
နင်ထင်နေလို့လား
ငါနင်ကိုမတွေ့ရလို့ရင်နာနေတာပါ....
မေမေရယ်...
သားကိုဘာလို့မွေးကတည်းက
မျက်ရည်တွေထည့်ပေးခဲ့ရတာလဲ
အခုတော့အဲဒါတွေက monitor ရှေ့မှာပျော်နေပြီ
ဏီ(န်)ကင်း
Posted by
neking
at
7:17 PM
1 comments
သစ္စာ.မေတ္တာနှင့်ဂရုဏာယှဉ်သော
ချစ်ခြင်းဖြင့် မင်းကိုချစ်သည်
ဒါကြောင့်ငါမှာ
ပူဆွေးခြင်း.၀မ်းနည်းခြင်းစသည့်
စိတ်ဆင်းရဲခြင်းအားလုံးမှ
ဏီ(န်)ကင်း
Posted by
neking
at
4:28 PM
0
comments
...ဆက်ရန်...
ငါမင်းဘေးမှာရှိခဲ့ဘူးတယ်
မင်းမသိဘူး
ငါမင်းကိုအခုခေါ်နေတယ်
မင်းမကြားချင်ယောင်ဆောင်နေတယ်
မင်းအလှည့်ရောက်လို့
ငါမာနကြီးရင်
ဏီ(န်)ကင်း
Posted by
neking
at
4:26 PM
0
comments
ကဗျာတစ်ဗုဒ်ပါ
မင်းရဲ့မျက်နှာတစ်ဖက်ကို
မလုံမလဲရှက်ရွံ့စွာဖုံးထားတဲ့ဆံနွယ်
မင်းရဲ့မျိုသိပ်မှူကိုရက်စက်စွာခံလိုက်ရတဲ့
ပန်းသီးတစ်ကိုက်
မင်းရဲ့ထောင့်ချိုးအကြည့်မှာ
ချော်ထွက်ခဲ့တဲ့ငါရဲ့သိက္ခာ
ပြီးတော့..ပြီးတော့..
အများကြီးပါပဲ.ငါ့ရင်ထဲမှာလေ
မင်းရဲ့အပြုံးတွေနဲ့အတူတူ အချဉ်ဖောက်လို့
အော်..ဒီနေ့ညတော့
ငါနှစ်ပင်လိမ်ပြီပေါ့လေ…
ကဗျာတစ်ဗုဒ်ပါ
တချိန်တည်းတွင်သောက်မိ၍ဖြစ်တတ်သောခံစားမှူု)
Posted by
neking
at
4:18 PM
0
comments
ပြန်သွားခဲ့ပါတယ်
နောက်နေ့လည်းတွေ့ရအုံးမှာမို့
ချန်ထားခဲ့ပါတယ်
နောက်ထပ်လည်းဖြစ်တည်အုံးမှာမို့
ခံစားခဲ့ပါတယ်
နောက်ဆိုဒိထက်တောင်ရန်များအုံးမှာမို့
ငါ့အတိတ်၊ငါ့ပစ္စုပ္ပန်၊ငါ့အနာဂတ်
နင်ကြိုက်ရာသာယူပါတော့ဟာ
ဈေးလဲမရှိတော့ပါဘူး...
ဏီ(န်)ကင်း
Posted by
neking
at
4:14 PM
0
comments
ဘာကြောင့်မို့
အပူတွေမင်းရင်ဘတ်ထဲထိုးစိုက်တာပါလိမ့်
ရှက်ဖွယ်လိလိပျင်းရိခြင်းတရားတွေရောပေါ့.
တ၀ါးဝါးသမ်းမနေနဲ့ မင်းကြည့်ရတာဆန်ကုန်တယ်
မာနတွေကအရောင်ဆိုးနေတဲ့သုံးမရတဲ့ငတ်မွတ်မှူတွေကို
မင်းပစ်ချထားခဲ့စမ်းပါ လှည့်ကြည့်မနေနဲ့
မင်းရင်ရဲ့ဒီနေ့နဲ့မနက်ဖြန်ကိုတသားထဲထားစမ်း
သာယာနာပျော်ပြီးချိုမြိန်နေမယ့်
မင်းရဲ့အရောင်ဆောင်သွေးညစ်ညစ်တွေကို နိုင်းမြစ်နဲ့လဲပြီး
ရိုးသားမှူတွေနဲ့ကြမ်းတမ်းခါးသက်လိုက်စမ်း
မင်းကိုယ်မင်းပျောက်ကွယ်သွားပါစေ...မိုးစက်တွေလိုရဲရင့်လိုက်စမ်း
ရိုးသားမှူတွေနဲ့လေ...
ဏီ(န်)ကင်း
Posted by
neking
at
4:10 PM
0
comments
Saturday, August 11, 2007
ဒါမော်ဒန်ဝတ္ထုကွ
စာရေးဆရာတွေပြောတာပါ
ဒါမော်ဒန်ပန်းချီပါ
ဒီခေတ်ပန်းချီဆရာတွေစကားပေါ့
မော်ဒန်အန်းတစ်ဗျ
ဦးကျော်တို့ရဲ့သီချင်းခေါင်းစဉ်လေ
အဲဒီလိုမျိုးမော်ဒန်ခေတ်ကြီးထဲမှာ
ငါလူလာဖြစ်တော့...
မော်ဒန်ဆန်တဲ့နင့်ကိုလည်း...
မော်ဒန်ဆန်ဆန်ပြောပါရစေ
`နင့်ကိုအားကြီးချစ်တယ်ဟာ....အားကြီးကိုမြတ်နိုးတယ်´
ပြီးတော့
`အားခြင်းပဲငါ့ကိုအဖြေပေးပါတော့နော်´
ဒါမော်ဒန်ခေတ်ဖြစ်နေလို့ပါဗျာ
ဏီ(န်)ကင်း
Posted by
neking
at
8:01 PM
0
comments
ရှင်သန်နေပါရစေ...
မင်းအတွက်
ရင်ဆိုင်နေပါရစေ...
မင်းအတွက်
ခံစားနေပါရစေ...
မင်းအတွက်
အဆုံးစွန်အထိပြောရရင်တော့
ငါသေဆုံးသွားပါစေ
မင်းအတွက်ဆိုရင်ပေါ့
မင်းကိုဖန်ဆင်းပေးတဲ့သူတွေအားလုံး
ကျေးဇူးတင်ပါတယ်
အဲဒါကတော့ငါ့အတွက်....
ဏီ(န်)ကင်း
်
Posted by
neking
at
6:20 PM
0
comments
...ဖဲဝိုင်း...
ကောင်းကင်ကြီးရယ်
မြေပြင်ကြီးရယ်
ရေပြင်ကြီးရယ်
လူတစ်ယောက်ရယ်
ဖဲရိုက်နေကြတယ်...
ဘယ်သူနိုင်လိမ့်မယ်ထင်သလဲ...
ဏီ(န်)ကင်း
Posted by
neking
at
6:08 PM
0
comments
Thursday, August 9, 2007
...သတိရခြင်းများစွာ...
အဝေးကချစ်သူ...နယ်မြေသစ်မှာငါ့ကိုလွမ်းလား
မင်းရဲ့ပတ်ဝန်းကျင်သစ်မှာရောငါ့ကိုသတိရနိုင်မလား
မင်းရဲ့မိတ်ဆွေသစ်တွေကြားမှာရောငါ့အကြောင်းပြောဖြစ်မလား
ငါကတော့နယ်မြေဟောင်းမှာမင်းကိုလွမ်းနေတုံး
ပတ်ဝန်းကျင်အဟောင်းကြီးထဲမှာမင်းကိုသတိရနေတုံး
မင်းမိတ်ဆွေဟောင်းတွေကြားထဲမှာပဲမင်းအကြောင်းတွေကိုပဲပြောဖြစ်တုံးပေါ့
ငါဘယ်နေရာရောက်ရောက်
နင်နဲ့ရောက်ဖူးခဲ့တဲ့နေရာတွေချည်းပါပဲ
မင်းကိုပြန်မြင်ယောင်မိပါတယ်...
ငါဘယ်အလုပ်ပဲပြောင်းလုပ်ချင်လုပ်ချင်
မင်းနဲ့အတူတူလုပ်ခဲ့ဖူးတဲ့အလုပ်လေးကို
မစွန့်ပစ်နိုင်ခဲ့ပါဘူး ငါဆက်လုပ်နေဆဲပါ....
ငါဘယ်လိုပဲရှောင်ရှောင်
မင်းနဲ့ပတ်သတ်တဲ့သူတွေနဲ့ပဲဆက်ဆံနေရတယ်
ငါရှောင်လွှဲလို့မရနိုင်ပါဘူးဟာ.....
နေရာတိုင်း....လူတိုင်း....နဲ့
ငါ့ကွန်ပြူတာလေးကငါ့ကိုမေးနေကြပြီဟာ...
`မင်းသီတာ့ကို မလွမ်းဘူးလား´ တဲ့
ငါဘယ်လို ပြန်ပြောလိုက်ရမှာလဲ....
ငါဘယ်လို ပြန်ဖြေလိုက်ရမှာလဲ....
ငါဘယ်လို ရင်ဆိုင်ရမှာလဲ....
ဏီ(န်)ကင်း
Posted by
neking
at
7:53 PM
0
comments
...CHATတစ်ကောင်...
်
ဤG-mailပိုင်ရှင်သည်ဗုဒ္ဓဘုရားရှင်၏မေတ္တာရိပ်အောက်တွင်
ရှိနေပါသဖြင့် ကျွန်တော်နှင့်Chatသောသူအားလုံး
အေးချမ်းသာယာကြပါစေဗျာ
neking@gmail.com
Posted by
neking
at
7:09 PM
0
comments
...ဘာပဲဖြစ်ဖြစ်...
မင်းအတွက်...မင်းဘ၀အတွက်
မင်းပညာရေးအတွက်
ငါ့တို့နှစ်ယောက်ရဲ့
အနာဂတ်ရှေ့ရေးအတွက်
နောက်ဆုံး....ငါ့အတွက်ပေါ့
အဲဒီလိုဖြေသိမ့်နေပေမယ့်လည်း
ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ငါလည်းလေလောကီသားပေမို့
နင့်ကိုအရမ်းလွမ်းတယ်ဟာ....
ဏီ(န်)ကင်း
Posted by
neking
at
6:59 PM
0
comments
...သိမ်မွေ့စွာဖြင့်...
သိမ်မွေ့စွာဖြင့် သူ့ကိုတွေ့တယ်
သိမ်မွေ့စွာဖြင့် သူ့ကိုချစ်မိတယ်
သိမ်မွေ့စွာဖြင့် အချစ်သီချင်းများ(သူနဲ့ကျွန်တော်)ဆိုခဲ့ကြတယ်
သိမ်မွေ့စွာဖြင့် သူငါ့ကိုပြန်လည်ဖန်တီးခဲ့တယ်
အခုတော့.....
သိမ်မွေ့စွာဖြင့် သူငါ့ကိုအဆက်ဖြတ်ခဲ့တယ်
သိမ်မွေ့စွာဖြင့် သူငါ့ကိုရက်စက်ခဲ့တယ်
သိမ်မွေ့စွာဖြင့် အချစ်သီချင်းများ(အခြားသူတစ်ယောက်နဲ့)ဆိုတယ်
မင်းငါ့ကိုတစ်ခုတော့....
မင်းရှေ့မှာငါ့ကိုသိမ်မွေ့စွာဖြင့်ကျဆုံးခွင့်လေးတော့.....
ငါ့ကိုဂရုစိုက်ပါအုံးဟာ
ဏီ(န်)ကင်း
Posted by
neking
at
6:51 PM
0
comments
...မိုး...
မိုးကြောင့်ပေါ့ သူနဲ့တွေ့...
မိုးကိုရှောင်တော့ သူနဲ့တိုး...
မိုးခိုသူများခေါင်းစဉ်အောက်မှာပေါ့
သူနဲ့ကျွန်တော်၊ကျွန်တော်နဲ့သူ
မိုးထစ်ချုန်းတယ်၊မိုးရွာတယ်၊မိုးသည်းတယ်
ဂွတ်ဘိုင်....ဘိုင်ဘိုင်...
ဒီမှာ..ဟေ့ဒီမှာ....
ငါ့ရင်မှာမင်းကျန်နေတယ်
အော်.....မိုးမတိတ်ခဲ့ရင်လေ...
အစကတည်းကမိုးမရွာခဲ့ရင်လေ...
ဏီ(န်)ကင်း
Posted by
neking
at
6:49 PM
0
comments
Tuesday, August 7, 2007
မင်္ဂလာပါ။
ကျွန်တော့်ရဲ့နာမည်ပြောင်ကတော့ဏီ(န်)ကင်းပါ။
ကျွန်တော်စာရေးချင်ပါတယ်။အဲဒါကြောင့်ဒီဆိုဒ်ကိုလုပ်ပါတယ်။
ကျွန်တော်ရေးသောစာတွေမှာသင်တို့အနေနဲ့အကျိုးရှိတာပါနိုင်သလို
ကျွန်တော့်ရဲ့တကိုယ်ရေခံစားချက်တွေ(သင်တို့အနေနဲ့အနည်းငယ်နား
လည်ရခက်သောစာ)တွေလည်းပါကောင်းပါနိုင်ပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာတွေပါပဲ။ဒါပေမယ့်ကျွန်တော်လဲ
သင်တို့လိုလူတစ်ယောက်ပဲမို့ခံစားချက်တွေတူနိုင်ပါတယ်။
လွပ်လပ်စွာခံစားပါဝင်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။
ဏီ(န်)ကင်း
Posted by
neking
at
7:26 PM
0
comments