...ဘ၀...
မျှော်လင့်ခြင်း..ဆိုတဲ့
နတ်ဆိုးဖန်ဆင်းထားတဲ့
အဲဒီမကောင်းတဲ့ခံစားချက်ကြောင့်
ငါမှာ g-talk ပေါ်မတ်တပ်ရပ်ခဲ့ရတာ...
မင်းနဲ့ဆုံချင်လို့ပါ
ငါဆုမတောင်းဘူးပါဘူး
ဘယ်လိုအချိန်မျိုးမှာမင်း online ရှိမလဲ
ခပ်မှိန်မှိန်လေးပါ..ငါ့အတွက်မျှော်လင့်ချက်
ဆုတောင်းတိုင်းလဲမပြည့်ခဲ့ပါဘူး....
ငါဆုံတာကတော့ငါ့ကိုယ်ငါ
ပြီးတော့ အယောင်ဆောင်သာယာမှူတွေ
ငါမသိတဲ့ကောက်ကျစ်မှူုတွေနဲ့
သားရဲတွေလဲပါရဲ့...
ပြီးတော့ငါရတာက၀မ်းနည်းမှူနဲ့
စိတ်ဆင်းရဲရမှူတပုံတပင်ပါဟာ...
ငါသာယာနေတယ် ငါကျေနပ်နေတယ်လို့
နင်ထင်နေလို့လား
ငါနင်ကိုမတွေ့ရလို့ရင်နာနေတာပါ....
မေမေရယ်...
သားကိုဘာလို့မွေးကတည်းက
မျက်ရည်တွေထည့်ပေးခဲ့ရတာလဲ
အခုတော့အဲဒါတွေက monitor ရှေ့မှာပျော်နေပြီ
ဏီ(န်)ကင်း
Sunday, August 12, 2007
Posted by
neking
at
7:17 PM
Subscribe to:
Post Comments (Atom)
1 comment:
Neking ရေ။။။နင်သိလား......
ချစ်ပါ။။။ချစ်လိုက်စမ်းပါ။ ချစ်နေလိုက်စမ်းပါအုန်း ။
တော်ပြီလေ။။အချစ်သက်သက်ပဲထား ။ အေးချမ်းစရာပါ။
ဒါပေမဲ့...နင့်ရဲ့ဘဝနဲ့ လုံးဝ မရောလိုက်စမ်းပါနဲ့ 
သူငယ်ချင်းရယ်။ နင့်ကို အရမ်းချစ်တဲ့ နင့် မေမေ
နင့် ဘေးမှာရှိနေသေးတယ်လေ။
Post a Comment