Sunday, August 12, 2007

ဘာကြောင့်မို့

အပူတွေမင်းရင်ဘတ်ထဲထိုးစိုက်တာပါလိမ့်

ရှက်ဖွယ်လိလိပျင်းရိခြင်းတရားတွေရောပေါ့.

တ၀ါးဝါးသမ်းမနေနဲ့ မင်းကြည့်ရတာဆန်ကုန်တယ်

မာနတွေကအရောင်ဆိုးနေတဲ့သုံးမရတဲ့ငတ်မွတ်မှူတွေကို

မင်းပစ်ချထားခဲ့စမ်းပါ လှည့်ကြည့်မနေနဲ့

မင်းရင်ရဲ့ဒီနေ့နဲ့မနက်ဖြန်ကိုတသားထဲထားစမ်း

သာယာနာပျော်ပြီးချိုမြိန်နေမယ့်

မင်းရဲ့အရောင်ဆောင်သွေးညစ်ညစ်တွေကို နိုင်းမြစ်နဲ့လဲပြီး

ရိုးသားမှူတွေနဲ့ကြမ်းတမ်းခါးသက်လိုက်စမ်း

မင်းကိုယ်မင်းပျောက်ကွယ်သွားပါစေ...မိုးစက်တွေလိုရဲရင့်လိုက်စမ်း

ရိုးသားမှူတွေနဲ့လေ...


ဏီ(န်)ကင်း


No comments: