Sunday, August 12, 2007

ဘာကြောင့်မို့

အပူတွေမင်းရင်ဘတ်ထဲထိုးစိုက်တာပါလိမ့်

ရှက်ဖွယ်လိလိပျင်းရိခြင်းတရားတွေရောပေါ့.

တ၀ါးဝါးသမ်းမနေနဲ့ မင်းကြည့်ရတာဆန်ကုန်တယ်

မာနတွေကအရောင်ဆိုးနေတဲ့သုံးမရတဲ့ငတ်မွတ်မှူတွေကို

မင်းပစ်ချထားခဲ့စမ်းပါ လှည့်ကြည့်မနေနဲ့

မင်းရင်ရဲ့ဒီနေ့နဲ့မနက်ဖြန်ကိုတသားထဲထားစမ်း

သာယာနာပျော်ပြီးချိုမြိန်နေမယ့်

မင်းရဲ့အရောင်ဆောင်သွေးညစ်ညစ်တွေကို နိုင်းမြစ်နဲ့လဲပြီး

ရိုးသားမှူတွေနဲ့ကြမ်းတမ်းခါးသက်လိုက်စမ်း

မင်းကိုယ်မင်းပျောက်ကွယ်သွားပါစေ...မိုးစက်တွေလိုရဲရင့်လိုက်စမ်း

ရိုးသားမှူတွေနဲ့လေ...


ဏီ(န်)ကင်း


Read More...

Saturday, August 11, 2007

ဒါမော်ဒန်ဝတ္ထုကွ
စာရေးဆရာတွေပြောတာပါ
ဒါမော်ဒန်ပန်းချီပါ
ဒီခေတ်ပန်းချီဆရာတွေစကားပေါ့
မော်ဒန်အန်းတစ်ဗျ
ဦးကျော်တို့ရဲ့သီချင်းခေါင်းစဉ်လေ
အဲဒီလိုမျိုးမော်ဒန်ခေတ်ကြီးထဲမှာ
ငါလူလာဖြစ်တော့...
မော်ဒန်ဆန်တဲ့နင့်ကိုလည်း...
မော်ဒန်ဆန်ဆန်ပြောပါရစေ
`နင့်ကိုအားကြီးချစ်တယ်ဟာ....အားကြီးကိုမြတ်နိုးတယ်´
ပြီးတော့
`အားခြင်းပဲငါ့ကိုအဖြေပေးပါတော့နော်´
ဒါမော်ဒန်ခေတ်ဖြစ်နေလို့ပါဗျာ

ဏီ(န်)ကင်း

Read More...

ရှင်သန်နေပါရစေ...
မင်းအတွက်
ရင်ဆိုင်နေပါရစေ...
မင်းအတွက်
ခံစားနေပါရစေ...
မင်းအတွက်
အဆုံးစွန်အထိပြောရရင်တော့
ငါသေဆုံးသွားပါစေ
မင်းအတွက်ဆိုရင်ပေါ့

မင်းကိုဖန်ဆင်းပေးတဲ့သူတွေအားလုံး
ကျေးဇူးတင်ပါတယ်
အဲဒါကတော့ငါ့အတွက်....

ဏီ(န်)ကင်း

Read More...

...ဖဲဝိုင်း...
ကောင်းကင်ကြီးရယ်
မြေပြင်ကြီးရယ်
ရေပြင်ကြီးရယ်
လူတစ်ယောက်ရယ်
ဖဲရိုက်နေကြတယ်...

ဘယ်သူနိုင်လိမ့်မယ်ထင်သလဲ...


ဏီ(န်)ကင်း

Read More...

Thursday, August 9, 2007

...သတိရခြင်းများစွာ...

အဝေးကချစ်သူ...နယ်မြေသစ်မှာငါ့ကိုလွမ်းလား
မင်းရဲ့ပတ်ဝန်းကျင်သစ်မှာရောငါ့ကိုသတိရနိုင်မလား
မင်းရဲ့မိတ်ဆွေသစ်တွေကြားမှာရောငါ့အကြောင်းပြောဖြစ်မလား

ငါကတော့နယ်မြေဟောင်းမှာမင်းကိုလွမ်းနေတုံး
ပတ်ဝန်းကျင်အဟောင်းကြီးထဲမှာမင်းကိုသတိရနေတုံး
မင်းမိတ်ဆွေဟောင်းတွေကြားထဲမှာပဲမင်းအကြောင်းတွေကိုပဲပြောဖြစ်တုံးပေါ့

ငါဘယ်နေရာရောက်ရောက်
နင်နဲ့ရောက်ဖူးခဲ့တဲ့နေရာတွေချည်းပါပဲ
မင်းကိုပြန်မြင်ယောင်မိပါတယ်...

ငါဘယ်အလုပ်ပဲပြောင်းလုပ်ချင်လုပ်ချင်
မင်းနဲ့အတူတူလုပ်ခဲ့ဖူးတဲ့အလုပ်လေးကို
မစွန့်ပစ်နိုင်ခဲ့ပါဘူး ငါဆက်လုပ်နေဆဲပါ....

ငါဘယ်လိုပဲရှောင်ရှောင်
မင်းနဲ့ပတ်သတ်တဲ့သူတွေနဲ့ပဲဆက်ဆံနေရတယ်
ငါရှောင်လွှဲလို့မရနိုင်ပါဘူးဟာ.....

နေရာတိုင်း....လူတိုင်း....နဲ့
ငါ့ကွန်ပြူတာလေးကငါ့ကိုမေးနေကြပြီဟာ...
`မင်းသီတာ့ကို မလွမ်းဘူးလား´ တဲ့
ငါဘယ်လို ပြန်ပြောလိုက်ရမှာလဲ....
ငါဘယ်လို ပြန်ဖြေလိုက်ရမှာလဲ....
ငါဘယ်လို ရင်ဆိုင်ရမှာလဲ....


ဏီ(န်)ကင်း

Read More...

...CHATတစ်ကောင်...

G-mailပိုင်ရှင်သည်ဗုဒ္ဓဘုရားရှင်၏မေတ္တာရိပ်အောက်တွင်
ရှိနေပါသဖြင့် ကျွန်တော်နှင့်Chatသောသူအားလုံး
အေးချမ်းသာယာကြပါစေဗျာ

neking@gmail.com

Read More...

...ဘာပဲဖြစ်ဖြစ်...

မင်းအတွက်...မင်းဘ၀အတွက်
မင်းပညာရေးအတွက်
ငါ့တို့နှစ်ယောက်ရဲ့
အနာဂတ်ရှေ့ရေးအတွက်
နောက်ဆုံး....ငါ့အတွက်ပေါ့
အဲဒီလိုဖြေသိမ့်နေပေမယ့်လည်း
ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ငါလည်းလေလောကီသားပေမို့
နင့်ကိုအရမ်းလွမ်းတယ်ဟာ....

ဏီ(န်)ကင်း

Read More...